ဘယ်နေရာကမဆို ငွေရှာနိုင်တဲ့ အလုပ်။

📌 အခုမှ Freelance စလုပ်မယ့် သူတွေ၊

📌 Freelance လုပ်ချင်ပေမယ့် ဘယ်ကစရမှန်း မသိတဲ့ သူတွေ 

စသဖြင့် Freelance နယ်ပယ်ထဲကို ခုန်ဝင်လာချင်တဲ့ တက်သစ်စလူငယ်တွေအတွက် ဒီ Content‌လေးက လမ်းစတခု/အကြံဉာဏ်တခု ရစေမယ်လို့ ‌ယုံကြည်ပါတယ်။

Freelance ဆိုတာဘာလဲ ?

ပြောရရင် ကမ္ဘာတလွှားမှာ စိတ်ဝင်စားမှုအများဆုံးနဲ့ ရေပန်းအစားဆုံး ကိုယ်ပိုင်အလုပ်တစ်ခုလို့‌ ဆိုနိုင်ပါတယ်။

🔰 သင်က တဘဝလုံး သူများ အလုပ်ပဲမလုပ်ချင်လို့ ကိုယ်ပိုင် Businessတခု စတင်ဖို့ ဆန္ဒရှိတာပဲဖြစ်ဖြစ်။

🔰 9-5 အလုပ်တဖက်နဲ့ အားတဲ့အချိန်‌လေးမှာ အပိုဝင်ငွေရှာချင်လို့ပဲဖြစ်ဖြစ်။

🔰 အိမ်ကနေပဲ ပေါ့ပေါ့ပါးပါး အလုပ်လုပ်ပြီး အသေးစားလုပ်ငန်းတစ်ခုစတင်ချင်တာပဲဖြစ်ဖြစ်။

🔰 ကိုယ့် skills တွေကို ရောင်းချပြီး ဖောက်သည်ရှာချင်တာပဲဖြစ်ဖြစ်။

ဘယ်နေရာကမဆို ဝင်ငွေရှာချင်တယ်ဆိုရင်တော့ Freelance Jobs တွေကို မေ့ထားလို့မရသလို၊ 

အရမ်းကြီးလဲ လွယ်ကူနေတဲ့ အလုပ်မဟုတ်တာကိုလဲ သိထားရပါမယ်။

အိုခေ။

ဒါဆို Freelance အနေနဲ့ စလုပ်မယ်ဆိုရင် ဘာတွေသိထားရမလဲ ?

1. ❝𝐊𝐧𝐨𝐰 𝐲𝐨𝐮𝐫 𝐬𝐭𝐫𝐞𝐧𝐠𝐭𝐡❞

 ကိုယ့်ရဲ့အားသာချက်ကို သိအောင်လုပ်ပါ။

ပြောရရင် ကိုယ်တကယ်လုပ်နိုင်မယ်ထင်တဲ့အရာနဲ့ပဲ စတင်ပါ။

သူများတွေက ဒါလုပ်၊ ဝင်ငွေကောင်းတယ်ဆိုပြီး နားယောင်ပြီး လိုက်မလုပ်ပါနဲ့။

သင် ရေရှည်လုပ်နိုင်မယ့် အရာကိုသာ ခေါင်းအေးအေးနဲ့ စဉ်းစားပါ။

ဘယ်အရာကို Passionate ဖြစ်လဲ၊ အားသာလဲဆိုတာ သိအောင်လုပ်ပါ။ထ

ဥပမာ - သင်က ငယ်ငယ်ကတည်းက စာအုပ်တွေဖတ်တယ်။ စာရေးရတာကိုလဲ ဝါသနာပါတယ်ဆိုရင် Freelance Writer ပိုင်းသွားရင် ပိုအောင်မြင်နိုင်‌ခြေများမှာ ဖြစ်ပါတယ်။

2. ❝𝐂𝐡𝐨𝐨𝐬𝐞 𝐘𝐨𝐮𝐫 𝐍𝐢𝐜𝐡𝐞❞

 သင့်စိတ်ကြိုက်အလုပ်ကို ရွေးချယ်ပါ။

Freelance Jobs အမျိုးပေါင်းများစွာထဲကမှ သင်က ဘယ်အလုပ်ကို အကြိုက်ဆုံးလဲဆိုတာ ဆုံးဖြတ်ပါ။

ဥပမာ - Graphic Designer, Content Writer, Digital Marketer,Translator, Narrator, Copywriter,Video Editor, Administrator စသဖြင့် remote job ပေါင်းများစွာထဲကမှ ကိုယ့်စိတ်ကြိုက် အလုပ်ကို ရွေးချယ်နိုင်ပါတယ်။

( တခြားသော သိချင်တဲ့ Jobsတွေကိုလဲ ကိုယ်တိုင် ရှာဖွေကြည့်နိုင်ပါတယ်)

သင်က ဒီအလုပ်မှာ ပျော်လာလေ၊ ပို

ကြိုးစားလေ၊ သူများတွေထက် ပိုတော်လာလေ၊ ပိုအောင်မြင်လာလေ ဖြစ်တာမို့ ဝင်ငွေလဲကြမ်းနေမှာပါ။

3. ❝𝐁𝐮𝐢𝐥𝐝 𝐘𝐨𝐮𝐫 𝐎𝐧𝐥𝐢𝐧𝐞 𝐏𝐫𝐞𝐬𝐞𝐧𝐜𝐞❞

 Onlineမှာ သင့်ကိုယ် လူသိအောင်လုပ်ပါ။

- ကိုယ်ပိုင် Pageတခု ထောင်ပြီး ကိုယ့်ရဲ့ Creation တွေကို ချပြပါ။

- ကိုယ့်ရဲ့ skillsတွေကို Client‌တွေမြင်လာအောင် အမြဲမပြတ်ချပြပါ။

- Portfolio တခု ကောင်းကောင်းတည်ဆောက်ပါ။ (Wix,Blogger,Wordpress စတဲ့ Free အသုံးပြုခွင့်ပေးထားတဲ့ Websiteတွေမှာလဲ တည်ဆောက်ထားလို့ရပါတယ်)

- ကိုယ့်ကို အလုပ်ခန့်‌စေဖို့ အလန်းစား Cover Letter / Resume ပြင်ထားပါ။

( Luminous Pai မှာ Clients သဘောကျစေမယ့် CV ဝန်ဆောင်မှု ပေးပါတယ်)

အပေါ်ကအချက်တွေ ပြင်ဆင်ပြီးပြီဆိုရင်တော့

4. ❝𝐅𝐢𝐧𝐝 𝐂𝐥𝐢𝐞𝐧𝐭𝐬/𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬❞

 အလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာဖွေပါ။

- အခုကာလမှာ ဈေးတအားနှိမ်ပြီး ပေးတဲ့ Clientတွေလဲ ရှိသလို၊ မှန်ကန်တဲ့ ဈေးနှုန်းပေးတဲ့ Clientsတွေလဲ ရှိတာမို့ 

ကိုယ်လျှောက်တဲ့ Position/ Skill အပေါ်မူတည်ပြီး သင့်တင့်တဲ့ ဈေးနှုန်းသတ်မှတ်ပါ။

- သက်ဆိုင်ရာ Facebook Group တွေ ဝင်ထားပြီး ကိုယ့်ကိုကိုယ် ကြော်ငြာပါ။

- LinkedIn, Upwork, Freelance စတဲ့တခြားသော Freelance အလုပ်‌ရှိတဲ့ Websiteတွေမှာ အခွင့်အလမ်းရှာဖွေပါ။

5. ❝𝐂𝐨𝐧𝐭𝐢𝐧𝐮𝐨𝐮𝐬 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠❞

 ကိုယ့်ရဲ့ Skillsတွေကို တိုးတက်အောင် အမြဲလေ့လာပါ။

- ‌သွေးလေ ထက်လေ ဆိုသလိုပဲ ကိုယ့်ရဲ့ Skillsတွေကို ကောင်းသထက်ပိုကောင်းလာအောင် ‌အဆက်မပြတ် လေ့ကျင့် ပျိုးထောင်ပေးနေဖို့က အရေးကြီးပါတယ်။

- သူများနဲ့မတူအောင် အမြဲဖန်တီးနေပါ။

အခုမှ Freelance စလုပ်မယ့် Beginner လေးတွေအတွက် လမ်းစတခု ရစေမယ်လို့ မျှော်လင့်ပါတယ်။

📌သင့်အနေနဲ့ တကယ်ကြမ်းတဲ့ ဝင်ငွေရချင်တယ်ဆိုရင် တကယ်ကြမ်းတဲ့ Skillsတွေ ရှိထားဖို့ လိုတယ်ဆိုတာလဲ မမေ့နဲ့နော်။

🔥 VOLUNTEER အနေနဲ့ စလုပ်ရင်းလဲ သင့်ရဲ့ Freelance Lifeကို အစပျိုးနိုင်ပါ‌သေးတယ်။🔥

Freelance Job Opportunities တွေကိုလဲ ထပ်မံတင်ဆက်ပေးသွားမှာဦးမှာမို့ Pageကို Followထားဖို့ မမေ့ပါနဲ့ဦးဗျ။

ဒါ့အပြင် အခုမှ Freelance စလုပ်မယ့် သူငယ်ချင်းတွေရှိရင်လဲ mention ပြီး Share‌ ပေးနိုင်သလို၊ Freelanceနဲ့ပတ်သက်ပြီး ဘယ်လို အကြောင်းအရာ မျိုးတွေထပ်‌ရေးပေးစေချင်လဲဆိုတာလဲ မန့်သွားပေးလို့ရပါတယ်။

🔰အမြဲသစ်နေတဲ့ Quality Content တွေနဲ့ အဆက်မပြတ်ရလေအောင် Telegram channel နဲ့ Website ကို Join ထားလို့ရပါတယ်ဗျ။

Telegram - https://t.me/luminouswithpai

Website - https://luminouswithpai.wordpress.com/blog/

🔰 Facebook Page ကိုလဲ Follow ထားလို့ရပါတယ်ဗျ။ 🎯

 LP Official Page - https://www.facebook.com/profile.php?id=61562678585494&mibextid=ZbWKwL

Personal Fb Account - https://www.facebook.com/share/p/DtdpAj2vUo9tQexd/?mibextid=oFDknk

#luminouswithpai 

#contentwriting 

#freelancing 

#jobopportunity 

#freelance 

#remotejob

Comments

Popular posts from this blog

လူငယ်တိုင်း တတ်ထားသင့်တဲ့ skills တွေ အကြောင်း။🔥

9-5 အလုပ်ထက် Freelance အလုပ်ကို Gen Zတွေ ပိုစိတ်ဝင်စားလာတာလဲ ?