9-5 အလုပ်ထက် Freelance အလုပ်ကို Gen Zတွေ ပိုစိတ်ဝင်စားလာတာလဲ ?

ပြောရရင် အိပ်ရေးပျက်တာက စတာပဲ။ 

ခုခေတ် ကျနော်တို့လို လူငယ်တွေက များသောအားဖြင့် ညဘက်တွေ စောစောမအိပ်ဖြစ်ကြဘူး။

အဲ့တော့ Freelance အလုပ်‌တွေကို စပြီး စိတ်ဝင်စားလာကြတယ်။

အိပ်ရေးပျက်မယ့် အတူတူ အကျိုးရှိရှိ အိပ်ရေးပျက်မယ်ဆိုတာမျိုး။

(Work-From-Home) Freelance လုပ်ရတာ ဘယ်လောက်အထာကျလဲ ?

ရုံးတက်စရာမလိုဘူး။ အချိန်လဲ အများကြီး ချွေတာ(save)ဖြစ်တယ်။

တကယ်တော့ ဒီအကြောင်းပြချက်တခုတည်းကြောင့်နဲ့‌ Freelance လုပ်ကိုင်ချင်ကြတာမဟုတ်ပါဘူး။

ကျနော်ကိုယ်တိုင်လဲ Gen Z တယောက်အနေနဲ့ Freelancing cultureကို ပိုစိတ်ဝင်စားလာစေတဲ့ တခြားသော အချက်တွေကိုလဲ ဆွေးနွေးမျှဝေ‌ပေးချင်ပါတယ်။

1. ❝𝐓𝐡𝐞 𝐅𝐥𝐞𝐱𝐢𝐛𝐢𝐥𝐢𝐭𝐲❞

(သက်သောင့်သက်သာရှိမှု)

အတော်လေး သဘောကျရတဲ့ အချက်တခုပဲ။

အများစု မျက်စိကျတဲ့ အချက်ဆိုလဲ မမှားဘူး။

တချိန်တည်းမှာပဲ သက်သောင့်သက်သာရှိခြင်းက အကောင်းဆုံး(best)လဲ ဖြစ်သလို အဆိုးဆုံး(worst)လဲ ဖြစ်နေတတ်ပါတယ်။

ကျနော်တို့က စည်းကမ်း(discipline) ကောင်းကောင်း မရှိဘဲ စိတ်ပါမှ ထလုပ်တဲ့ အခါမျိုးမှာ (အဆိုးဆုံး) ဖြစ်လာနိုင်ပါတယ်။

အိုခေ။

ဒါဆို အကောင်းဆုံးတွေကရော ?

- 9-5လိုမျိုး တင်းကျပ်တဲ့ အချိန်ဇယားတွေမရှိဘူး။

- အလုပ်ကို အလုပ်လိုပဲ လုပ်ရတယ်။ ဘဝကြီး တခုလို လုပ်စရာမလိုဘူး။

(ဘဝကြီးတခုလို လုပ်တယ်ဆိုတာက ဒီအလုပ်တခုထဲမှာပဲ အချိန်တွေ အကုန်ပေးပြီး ကိုယ်ပိုင်အချိန်မရှိ၊ အားလပ်ချိန်မရှိ ဖြစ်တာမျိုးကို ဆိုလိုတာပါ။ ပြောရရင် Workaholism ပေါ့။)

(Workaholism ဆိုတာ ဘာလဲ မသိ‌သေးရင် ဒီမှာ 👇 ဖတ်ပါခင်ဗျ။

https://www.facebook.com/share/p/Joi2DrvgaAkrEj9R/?mibextid=oFDknk)

- မနက်ပိုင်းအရေးပေါ်ပြဿနာရှိလို့ဖြစ်ဖြစ်၊ အိပ်ယာမထချင်လို့၊ ပျင်းလို့ဖြစ်ဖြစ် အလုပ်မလုပ်နိုင်ဘူး။ ညဘက်မှ ပြန်လုပ်မယ်။ အဆင်ပြေတယ်။ညဘက်မလုပ်ဖြစ်ခဲ့လို့ နောက်နေ့မှ ထလုပ်လဲ အဆင်ပြေပါသေးတယ်။

ပြောရရင် Deadline အမှီပြီးဖို့ပဲ လိုပါတယ်။ 

Deadline အမှီ အလုပ်ပြီးတယ်ဆိုရင် သင့်တာဝန်ကျေပါပြီ။

(Deadline အမှီမပြီးရင်တော့ အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ်ပိုင်စည်းကမ်းမရှိတာမျိုး ဖြစ်ပြီး အချိန်စီမံခန့်ခွဲမှု အားနည်းနေတာလဲ ဖြစ်ပါတယ်။ ဒီလိုခဏခဏဖြစ်နေမယ်ဆိုရင်တော့ Freelancing fieldမှာ သင့် Image(ပုံရိပ်) ကျမှာဖြစ်ပြီး Trust (ယုံကြည်မှု) နည်းသွားတာကြောင့် Client လျော့သွားမှာလဲ ဖြစ်ပါတယ်။)

2. ❝𝐄𝐧𝐨𝐮𝐠𝐡 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐨𝐭𝐡𝐞𝐫 𝐡𝐨𝐛𝐛𝐢𝐞𝐬❞

ဝါသနာအတွက် လုံလောက်တဲ့အချိန်တခု

ကိုယ့်မှာ 0 Client၊ ဘာဖောက်သည်မှ မရှိဘူးဆိုရင် Freelance လုပ်ရတာ အတော်လေး ခက်ခဲတာ မှန်ပါတယ်။ 

ဒါပေမယ့် Client ကောင်း တယောက် ရထားပြီဆိုရင်လဲ သင့်ကို (overworking) အလုပ်ပို လုပ်ခိုင်းတာမျိုး‌တွေ ရှိမှာ မဟုတ်လို့ သင့်အနေနဲ့ ဝါသနာပါတာ လုပ်ဖို့၊ သင့်အတွက် လိုအပ်တဲ့ skills တွေ၊ ထပ်ဖြည့်ရမယ့် skillsတွေကိုမြှင့်တင်ဖို့ အချိန်တွေ ရှိနေမှာ ဖြစ်ပါတယ်။

( အိမ်ကနေ Freelancer တယောက်အနေနဲ့ အပိုဝင်ငွေရှာဖို့ Freelance Jobsတွေ အ‌ကြောင်းကို နောက် content တပုဒ်မှာ သီးသန့်တင်ပေးသွားမှာမို့ Page ကို follow ထားဖို့ မမေ့‌နဲ့ဦးနော်🎯)

3. ❝𝐘𝐨𝐮 𝐜𝐚𝐧 𝐰𝐨𝐫𝐤 𝐟𝐫𝐨𝐦 𝐚𝐧𝐲𝐰𝐡𝐞𝐫𝐞❞ 

ဘယ်နေရာကမဆို အလုပ်လုပ်နိုင်တယ်။

အိမ်ကနေပဲ (Work From Home) အလုပ်လုပ်ချင်တယ်။ရုံးလဲ မတက်ချင်ဘူး။ အပြင်လဲမထွက်ချင်ဘူး။

ရတာပေါ့။

အိမ်မှာ ဆူညံလို့ ကော်ဖီဆိုင်လေး တဆိုင်မှာပဲ သွားပြီး ကော်ဖီသောက်ရင်း မုန့်လေးစားရင်း အလုပ်လုပ်မယ်။

အဆင်ပြေတာပဲ။

ပြောရရင် တင်းကျပ်တဲ့ စည်းကမ်းချက်တွေ၊ ပုံသေသတ်မှတ်ထားတဲ့ အချိန်တွေ မရှိတာမို့ သင့်အတွက်သင် အလုပ်လုပ်နေတယ်လို့ ခံစားရစေမှာပါ။ သင့်ရဲ့ကိုယ်ပိုင်အလုပ် လို့လဲ ဆိုနိုင်ပါတယ်။

အလုပ်ပြီးဖို့ ဘယ်သူကမှ သင့်ကိုအမိန့်လာပေးမှာ မဟုတ်သလို၊ ဘယ်သူမှလဲ သင့်အထက်မှာ ရှိနေမှာ မဟုတ်ပါဘူး။ ကိုယ့်အချိန်တွေ၊ အလုပ်တွေကို ကိုယ်တိုင်စီမံရမှာပါ။

ဒါကြောင့် Self-discipline, Time-management, Negotiating, Effective Communication, Punctuation, Self-control စတဲ့ Skillsတွေ မရှိရင် ရေရှည် ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။

Be Creative Guys ⭐ ✨

🔰အခုလို အမြဲသစ်နေတဲ့ Quality Content တွေနဲ့ အဆက်မပြတ်ရလေအောင် Telegram channel နဲ့ Website ကို Join ထားလို့ရပါတယ်ဗျ။

Telegram - https://t.me/luminouswithpai

Blogger - https://luminouswithpai007.blogspot.com/2024/09/blog-post.html?m=1

Wordpress - http://luminouswithpai.wordpress.com

🔰 Facebook Page ကိုလဲ Follow ထားလို့ရပါတယ်ဗျ။ 🎯

LP Offical Page - https://www.facebook.com/profile.php?id=61562678585494&mibextid=ZbWKwL

Personal Fb Acc - https://www.facebook.com/share/p/DtdpAj2vUo9tQexd/?mibextid=oFDknk

#luminouswithpai 

#contentwriting 

#Freelancing

Comments

Popular posts from this blog

ဘယ်နေရာကမဆို ငွေရှာနိုင်တဲ့ အလုပ်။

လူငယ်တိုင်း တတ်ထားသင့်တဲ့ skills တွေ အကြောင်း။🔥