Posts

Showing posts from September, 2024

9-5 အလုပ်ထက် Freelance အလုပ်ကို Gen Zတွေ ပိုစိတ်ဝင်စားလာတာလဲ ?

ပြောရရင် အိပ်ရေးပျက်တာက စတာပဲ။  ခုခေတ် ကျနော်တို့လို လူငယ်တွေက များသောအားဖြင့် ညဘက်တွေ စောစောမအိပ်ဖြစ်ကြဘူး။ အဲ့တော့ Freelance အလုပ်‌တွေကို စပြီး စိတ်ဝင်စားလာကြတယ်။ အိပ်ရေးပျက်မယ့် အတူတူ အကျိုးရှိရှိ အိပ်ရေးပျက်မယ်ဆိုတာမျိုး။ (Work-From-Home) Freelance လုပ်ရတာ ဘယ်လောက်အထာကျလဲ ? ရုံးတက်စရာမလိုဘူး။ အချိန်လဲ အများကြီး ချွေတာ(save)ဖြစ်တယ်။ တကယ်တော့ ဒီအကြောင်းပြချက်တခုတည်းကြောင့်နဲ့‌ Freelance လုပ်ကိုင်ချင်ကြတာမဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လဲ Gen Z တယောက်အနေနဲ့ Freelancing cultureကို ပိုစိတ်ဝင်စားလာစေတဲ့ တခြားသော အချက်တွေကိုလဲ ဆွေးနွေးမျှဝေ‌ပေးချင်ပါတယ်။ 1. ❝𝐓𝐡𝐞 𝐅𝐥𝐞𝐱𝐢𝐛𝐢𝐥𝐢𝐭𝐲❞ (သက်သောင့်သက်သာရှိမှု) အတော်လေး သဘောကျရတဲ့ အချက်တခုပဲ။ အများစု မျက်စိကျတဲ့ အချက်ဆိုလဲ မမှားဘူး။ တချိန်တည်းမှာပဲ သက်သောင့်သက်သာရှိခြင်းက အကောင်းဆုံး(best)လဲ ဖြစ်သလို အဆိုးဆုံး(worst)လဲ ဖြစ်နေတတ်ပါတယ်။ ကျနော်တို့က စည်းကမ်း(discipline) ကောင်းကောင်း မရှိဘဲ စိတ်ပါမှ ထလုပ်တဲ့ အခါမျိုးမှာ (အဆိုးဆုံး) ဖြစ်လာနိုင်ပါတယ်။ အိုခေ။ ဒါဆို အကောင်းဆုံးတွေကရော ? - 9-5လိုမျိုး တင်းကျပ်တဲ့ အချိန်ဇယားတွေမရှိဘူး။ - အလုပ်ကို အလုပ်

လူငယ်တိုင်း တတ်ထားသင့်တဲ့ skills တွေ အကြောင်း။🔥

Image
 ဒီ skills တွေနဲ့ 💵 ငွေရှာနိုင်မယ်ဆို ဘယ်လိုလဲ ?  Freelance လုပ်ပြီး ပိုက်ဆံ 💰 ရှာနိုင်မယ်ဆိုရင်ရော ?  Digital ခေတ်ရောက်လာတာနဲ့အမျှ Work From Home နဲ့ Freelance Job Opportunityတွေ နယ်ပယ်အသီးသီးမှာ ပေါများလာတာ အားလုံးပဲသိပြီးဖြစ်မှာပါ။ လူငယ်တချို့ Onlineက သင်တန်းတွေတက်၊အလုပ်တွေလုပ်၊ skillsတွေ ဖြည့်နေတဲ့အချိန် သင်ရော ဘာတွေလုပ်နေလဲ ? Digital ခေတ်ကြီးမှာ Online ကနေ ငွေရှာဖို့ဆိုတာ ထင်သလောက်မခက်သလို အရမ်းလဲ လွယ်ကူမနေပါဘူး။ လူငယ်တယောက်အနေနဲ့ အသက် ၁၈ -၂၅ ဝန်းကျင်မှာ  ဘာskillsတွေ ရှိဖို့ လိုအပ်လဲ?  ဘာskillsတွေ ဖြည့်ထားရမလဲ ? ပြောရရင် ဖြည့်ရမယ့် Skills တွေက သိပ်များတယ်။ ကျနော်ကိုယ်တိုင်လဲ ဘာskills ဖြည့်ရမှန်းမသိဘဲ ယောင်ဝါးဝါးနဲ့ ဖြုန်းခဲ့တဲ့ အချိန်တွေမှ အများကြီး။ မေးခွန်းပေါင်းများစွာနဲ့ အကြပ်ရိုက်ပြီး တခါတလေ လမ်း‌ပျောက်နေတတ်သေးတယ်။ ကျနော့်ကိုယ် ကျနော် ပြန်ရှာဖွေခဲ့တယ်။ အချိန်ယူရတယ်။ အတွေ့အကြုံ‌တွေယူရတယ်။ စိတ်ရှည်ရတယ်။ အလုပ်ကြိုးစားရတယ်။ အမြဲလေ့လာနေရတယ်။ သင်က အနာဂတ်မှာ ‌ငွေဝင်ကြမ်းချင်တဲ့ လူငယ်တယောက်ဆိုရင် အခုပြောပြမယ့် Digital Skill‌ တွေထဲက တခုမဟုတ်တခုကို အခုကတည်းက စနစ်တကျ လေ့လာသင့်ပါတယ်။

ဘယ်နေရာကမဆို ငွေရှာနိုင်တဲ့ အလုပ်။

Image
📌 အခုမှ Freelance စလုပ်မယ့် သူတွေ၊ 📌 Freelance လုပ်ချင်ပေမယ့် ဘယ်ကစရမှန်း မသိတဲ့ သူတွေ  စသဖြင့် Freelance နယ်ပယ်ထဲကို ခုန်ဝင်လာချင်တဲ့ တက်သစ်စလူငယ်တွေအတွက် ဒီ Content‌လေးက လမ်းစတခု/အကြံဉာဏ်တခု ရစေမယ်လို့ ‌ယုံကြည်ပါတယ်။ Freelance ဆိုတာဘာလဲ ? ပြောရရင် ကမ္ဘာတလွှားမှာ စိတ်ဝင်စားမှုအများဆုံးနဲ့ ရေပန်းအစားဆုံး ကိုယ်ပိုင်အလုပ်တစ်ခုလို့‌ ဆိုနိုင်ပါတယ်။ 🔰 သင်က တဘဝလုံး သူများ အလုပ်ပဲမလုပ်ချင်လို့ ကိုယ်ပိုင် Businessတခု စတင်ဖို့ ဆန္ဒရှိတာပဲဖြစ်ဖြစ်။ 🔰 9-5 အလုပ်တဖက်နဲ့ အားတဲ့အချိန်‌လေးမှာ အပိုဝင်ငွေရှာချင်လို့ပဲဖြစ်ဖြစ်။ 🔰 အိမ်ကနေပဲ ပေါ့ပေါ့ပါးပါး အလုပ်လုပ်ပြီး အသေးစားလုပ်ငန်းတစ်ခုစတင်ချင်တာပဲဖြစ်ဖြစ်။ 🔰 ကိုယ့် skills တွေကို ရောင်းချပြီး ဖောက်သည်ရှာချင်တာပဲဖြစ်ဖြစ်။ ဘယ်နေရာကမဆို ဝင်ငွေရှာချင်တယ်ဆိုရင်တော့ Freelance Jobs တွေကို မေ့ထားလို့မရသလို၊  အရမ်းကြီးလဲ လွယ်ကူနေတဲ့ အလုပ်မဟုတ်တာကိုလဲ သိထားရပါမယ်။ အိုခေ။ ဒါဆို Freelance အနေနဲ့ စလုပ်မယ်ဆိုရင် ဘာတွေသိထားရမလဲ ? 1. ❝𝐊𝐧𝐨𝐰 𝐲𝐨𝐮𝐫 𝐬𝐭𝐫𝐞𝐧𝐠𝐭𝐡❞  ကိုယ့်ရဲ့အားသာချက်ကို သိအောင်လုပ်ပါ။ ပြောရရင် ကိုယ်တကယ်လုပ်နိုင်မယ်ထင်တဲ့အရာနဲ့ပဲ စတင်ပါ။ သ