9-5 အလုပ်ထက် Freelance အလုပ်ကို Gen Zတွေ ပိုစိတ်ဝင်စားလာတာလဲ ?
ပြောရရင် အိပ်ရေးပျက်တာက စတာပဲ။ ခုခေတ် ကျနော်တို့လို လူငယ်တွေက များသောအားဖြင့် ညဘက်တွေ စောစောမအိပ်ဖြစ်ကြဘူး။ အဲ့တော့ Freelance အလုပ်တွေကို စပြီး စိတ်ဝင်စားလာကြတယ်။ အိပ်ရေးပျက်မယ့် အတူတူ အကျိုးရှိရှိ အိပ်ရေးပျက်မယ်ဆိုတာမျိုး။ (Work-From-Home) Freelance လုပ်ရတာ ဘယ်လောက်အထာကျလဲ ? ရုံးတက်စရာမလိုဘူး။ အချိန်လဲ အများကြီး ချွေတာ(save)ဖြစ်တယ်။ တကယ်တော့ ဒီအကြောင်းပြချက်တခုတည်းကြောင့်နဲ့ Freelance လုပ်ကိုင်ချင်ကြတာမဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လဲ Gen Z တယောက်အနေနဲ့ Freelancing cultureကို ပိုစိတ်ဝင်စားလာစေတဲ့ တခြားသော အချက်တွေကိုလဲ ဆွေးနွေးမျှဝေပေးချင်ပါတယ်။ 1. ❝𝐓𝐡𝐞 𝐅𝐥𝐞𝐱𝐢𝐛𝐢𝐥𝐢𝐭𝐲❞ (သက်သောင့်သက်သာရှိမှု) အတော်လေး သဘောကျရတဲ့ အချက်တခုပဲ။ အများစု မျက်စိကျတဲ့ အချက်ဆိုလဲ မမှားဘူး။ တချိန်တည်းမှာပဲ သက်သောင့်သက်သာရှိခြင်းက အကောင်းဆုံး(best)လဲ ဖြစ်သလို အဆိုးဆုံး(worst)လဲ ဖြစ်နေတတ်ပါတယ်။ ကျနော်တို့က စည်းကမ်း(discipline) ကောင်းကောင်း မရှိဘဲ စိတ်ပါမှ ထလုပ်တဲ့ အခါမျိုးမှာ (အဆိုးဆုံး) ဖြစ်လာနိုင်ပါတယ်။ အိုခေ။ ဒါဆို အကောင်းဆုံးတွေကရော ? - 9-5လိုမျိုး တင်းကျပ်တဲ့ အချိန်ဇယားတွေမရှိဘူး။ - အလုပ်ကို အလုပ်